April 16 မှာ စတင်မိတ်ဆက်မယ့် Xiaomi Mi 6

Xiaomi Mi6 ဟာ ထွက်မယ် မထွက်ဘူးဆိုတာ အမျိုးမျိုးထင်ကြေးတွေနဲ့ အငြင်းအခုန်ဖြစ်ခဲ့ကြပေမယ့် ယခုတော့ ထွက်ရှိမယ်ဆိုတာ Public အနေနဲ့ ထုတ်ပြန်လိုက်ပါပြီ။ ဧပြီလ ၁၆ ရက်နေ့မှ Mi 6 ကို မိတ်ဆက်ပြသသွားမှာ ဖြစ်ပြီး 2017 ခုနှစ်ရဲ့ စောင့်မျှော်ရဆုံး Mi Series တစ်ခုလည်း ဖြစ်ပါတယ်။ Xiaomi ရဲ့ သက်တမ်းကာလတစ်လျှောက်မှာ Redmi Note 3 နဲ့ Redmi 3s Prime တို့ဟာ ရောင်းအား အကောင်းဆုံး မှတ်တမ်းဝင်ခဲ့ပြီး မကြာခင် ထွက်တော့မယ့် Mi 6 ကရော အဲ့ဒီလိုဘဲ ရောင်းအားကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဘာကြောင့် အဲ့ဒီလို မျှော်လင့်ရတာလဲ။ Mi6 ရဲ့ feature အသစ်တွေကြောင့်လို့ ယူဆနိုင်ပါတယ်။ CPU ကို Snapdragon ရဲ့ နောက်ဆုံးထွက် 835 Processor ထပ်ဆင်ထားပြီး မျက်နှာပြင်အကျယ် ၅.၂ လက်မရှိတဲ့ 2.5 Curved Glass ဖြစ်ပါတယ်။ 2.5 D ဖြစ်တဲ့အတွက် မှန်သားထောင့်နားတွေဟာ အနည်းငယ် ခုံးနေပါလိမ့်မယ်။ ဖုန်းကိုယ်ထည်ကိုတော့ ceramics ဖြစ်တဲ့အတွက် ကြွေသားဖြစ်မှာပါ။ ဒါကြောင့် ခြစ်ရာ ပွန်းရာတွင် ဖြစ်စေမှာ မဟုတ်ပါဘူး။

ဒီထက်ပိုစိတ်ဝင်စရာကောင်းတာကတော့ ကင်မရာအပိုင်းဘဲ ဖြစ်ပါတယ်။ Sony XZ Premium မှာ တပ်ထားတဲ့ ကင်မရာမျိုး ဖြစ်ပါတယ်။ 19 MP ရှိတဲ့ ကင်မရာတပ်ဆင်ထားပြီး 960 fps နဲ့ slow motion ကို 720P အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါကြောင့် တစ်က္ကန့်အတွင်းမှာ ဖြစ်သွားတဲ့ ပုံပေါင်းများစွာကို လိုသလို ပြန်ဆွဲထုတ်နိုင်မှာပါ။

Entry Level အနေနဲ့ RAM 4GB , Storage 32GB, Mid Level အနေနဲ့ RAM 4GB, Storage 64GB နဲ့ Top End Level အနေနဲ့ RAM 6GB, Storage 128GB နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် ၄သိန်းကျော်နဲ့ ၆သိန်းဝန်းကျင်ခန့်ရှိနိုင်ပါတယ်။ ဒါကြောင့် Xiaomi ရဲ့ Mi6 ဟာ တရုတ်မိုဘိုင်းလ် ဖုန်း ဈေးကွက်ပြိုင်ဘက်တွေဖြစ်တဲ့ Huawei, Oppo နဲ့ Vivo တို့ကို ယှဉ်နိုင်မယ့် Flagship ဖုန်းတစ်လုံးလို့ ယူဆရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *