Xiaomi Redmi Note 4 အား အိန္ဒိယတွင် ဈေးနှူန်းလျော့ချ

Xiaomi Redmi Note 4 စမတ်ဖုန်းအမျိုးအစားအား အိန္ဒိယနိုင်ငံတွင် ဈေးနှူန်းလျော့ချ၍ ရောင်းချလိုက်ကြောင်း သိရှိရသည်။ Redmi Note 4 စမတ်ဖုန်းအား အိန္ဒိယ ရူပီး ၁၀၀၀ အတိ ဈေးနှူန်းလျော့ပေးလိုက်ပြီး ရူပီး ၉၉၉၉ ဖြင့် Redmi Note 4 အား ဝယ်ယူနိုင်မည် ဖြစ်သည်။

Redmi Note 4 စမတ်ဖုန်းသည် MotoG5, Nokia 5 နှင့် Samsung Galaxy J7 (2016) စမတ်ဖုန်းများနှင့်အတူ ဈေးနှူန်းလျော့ချ၍ ပြိုင်ဆိုင်လိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် Xiaomi သည် အိန္ဒိယနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်ကို အခိုင်အမာ ခြေကုပ်ယူထားပြီး တန်ဖိုးသင့်ဖုန်းများကြောင့် ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *