PlayStation 4 ဂိမ်းများကို PC ပေါ်တွင် ကစားနိုင်မည့် ဝန်ဆောင်မှုကို Sony မှ မိတ်ဆက်

ယခင်က PlayStation 4 ဂိမ်းများကို ဂိမ်းစက်ရှိမှ ကစားနိုင်ပေမယ့် ယခုအခါမှာတော့ PC တွေအပေါ်မှာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ Sony မှ PlayStation Now အမည်ရသော ဝန်ဆောင်မှုတစ်မျိုးကို မိတ်ဆက်လိုက်ပြီး PS4 ဂိမ်းများကို PS4 ဂိမ်းစက်မလိုဘဲ PC ပေါ်မှာ ကစားနိုင်မှာဖြစ်ပါတယ်။

PlayStation Now ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် လစဉ်ကြေးအနေဖြင့် ဝန်ဆောင်ခ ပေးသွင်းရမည် ဖြစ်ပြီး လက်ရှိတွင် PlayStation Now တွင် PS4 ဂိမ်းပေါင်း ၄၅၀ ကို ထည့်သွင်းဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် အင်တာနက်ချိန်ဆက်မှုလိုအပ်မှာ ဖြစ်ပြီး Cloud နည်းပညာအခြေခံထားပြီး ဂိမ်းများကို Cloud Server တွေပေါ်မှာ တင်ထားတာ ဖြစ်ပါတယ်။

အင်တာနက်ကွန်နက်ရှင် ကောင်းမွန်ဖို့အထူးလိုအပ်မှာ ဖြစ်ပြီး လက်ရှိမှာတော့ Sony ဟာ Data Center တွေနောက်ထပ် တည်ဆောက်အုံးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါမှသာလျှင် PlayStation Now ဝန်ဆောင်မှုကို နိုင်ငံအတော်များများမှာ အဆင်ပြေစွာနဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *