YouTuber Austin Jones ထောင်ဒဏ် ၁၀နှစ်ချခံရ

နာမည်ကြီးသီချင်းတွေကို YouTube နှင့် Twitter တို့တွင် Cover သီဆိုပြီး နာမည်ကြီးတဲ့ YouTuber Austin Jones ဟာ မေလ ၆ရက်တင်္နလာနေ့က အရွယ်မရောက်သူကို သွေးဆောင်ဖျားယောင်းမှုနဲ့ ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။ Austin Jones ဟာ သူ့ရဲ့ Personal Facebook massager မှတစ်ဆင့် အသက် မပြည့်သေးတဲ့ မိန်းကလေး အမာခံပရိတ်သတ် ၆ ယောက်ကို ညစ်ညမ်း ဓာတ်ပုံနဲ့Video တွေပို့ပြီး သွေးဆောင်ဖြား ယောင်း ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Austin Jones ဟာ YouTube မှာ subscribers ၅သိန်း နှင့် Twitter မှာ ၂၂၅၀၀၀ follower ရရှိထားပါတယ်။ ဒါပေမဲ့ အခုလို အမှုဖြစ်ပြီးနောက်မှာ သူ့ရဲ့ YouTube Channel နဲ့Twitter account ၂ ခုလုံးကို ဖျက်သိမ်းခြင်းခံလိုက်ရပါတယ်။ သူ့ရဲ့ Personal Facebook account ကို စစ်ဆေးခဲ့ရာမှာ နောက်ထက် အသက်မပြည့်သေးတဲ့ မိန်းကလေး အယောက် ၃၀ကိုလည်း ညစ်ညမ်းပုံတွေ Video တွေ ပို့ပြီး သွေးဆောင်ဖျားယောင်း ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

အမေရိကန် လက်ထောက်ရှေ့နေ Katherine Neff Welsh က အခုလို ငယ်ရွယ်တဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖျားယောင်းမှုဟာ အလွန်ဆိုးဝါးတဲ့ ပြစ်မှုတစ်ခုဖြစ်ကြောင်းနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးအပြင် လူ့အဖွဲ့ အစည်းကိုပါ ထိခိုက်စေတဲ့ ပြစ်မှုတစ်ခုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။ Austin Jones ရဲ့ လုပ် ရပ်ဟာ သူ့ကို ပေါင်းသင်းနေတဲ့ အနုပညာမောင်နှမတွေအပြင် သူ့မိသားစုတွေကိုပါ ရောင်ပြန်ဟပ်စေခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *